Better Employee သည် ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ငှားရမ်းဝယ်ယူနိုင်သည့် အစီအစဥ်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများအတွက် သီးခြားပြုလုပ်ထားခြင်းဖြစ်သည်။ Better မှ မိတ်ဆက်ထားသော မြန်မာနိုင်ငံမှကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် ဤအစီအစဥ်အား အသုံးပြုနိုင်မည်ဖြစ်သည်။ ဝန်ထမ်းများသည် သတ်မှတ်ထားသော ပြန်ဆပ်ကာလများအတွင်း လစဥ်ပြန်ဆပ်ငွေများ ပေးသွင်း၍ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအား ငှားရမ်းဝယ်ယူနိုင်မည်ဖြစ်သည်။
“Better Employee” တွင် ဝန်ထမ်းများအတွက် အမျိုးအစားစုံလင်လှသော ပစ္စည်းနှင့် ဝန်ဆောင်မှုများစွာတို့ရရှိနိုင်ပြီး အီလက်ထရွန်နစ်ပစ္စည်းများ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ နှင့် အခြား ပစ္စည်းအမျိုးအစား များစွာတို့ ပါဝင်ပါသည်။
Better မှ “Better Employee” ငှားရမ်းဝယ်ယူသည့်အစီအစဥ်ကို သွားရောက်မိတ်ဆက်ထားသော ကုမ္ပဏီများမှ ဝန်ထမ်းများ အသုံးပြုနိုင်မည်ဖြစ်သည်။
မှာယူမှုများအား တစ်ကြိမ်ထဲတွင် မပြုလုပ်နိုင်ပါ။ ပစ္စည်းတစ်ခုထပ်မှာယူလိုပါက မှာယူလိုသော ပစ္စည်းအရေအတွက်အလိုက် မှာယူမှုတစ်ခုချင်းစီ ပြုလုပ်ရမည်ဖြစ်သည်။
ငှားရမ်းကာလအား ၆ လ (သို့မဟုတ်) ၁၂ လ ရွေးချယ်နိုင်မည်ဖြစ်သည်။
ဝန်ဆောင်ခနှုန်းထားသည် မှာယူသော ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်းဖြစ်သည်။ ဝန်ဆောင်ခအား ပစ္စည်းသွားရောက်မထုတ်ယူမီ (သို့မဟုတ်) လက်ခံမရရှိမီတွင် WavePay Level 2 အကောင့်မှတစ်ဆင့် ပေးချေရမည်ဖြစ်ပြီး ပြန်အမ်းငွေအဖြစ် မရရှိနိုင်ပါ။
ကနဦးပေးချေငွေ ပေးသွင်းရန် မဖြစ်မနေလိုအပ်ပါသည်။ ကနဦးပေးချေငွေအား ငှားရမ်းဝယ်ယူမည့် ပစ္စည်း၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ အများဆုံး ၇၀ ရာခိုင်နှုန်းထိ ပေးချေနိုင်မည်ဖြစ်သည်။
- (၁) သင်၏ ကုမ္ပဏီသည် “Better Employee” အသုံးပြုရန် အကျုံးဝင်သော စာရင်းထဲတွင် ပါဝင်ရမည်ဖြစ်သည်။ အကျုံးဝင်သော အဖွဲ့အစည်းများ၏အမည်ကို စာရင်းသွင်းခြင်းလုပ်ဆောင်စဥ်တွင် မြင်တွေ့နိုင်မည်ဖြစ်သည်။
- (၂) သင်၏ဖုန်းနံပါတ်သည် အစီအစဥ်အား လျှောက်ထားနိုင်ရန်အတွက် အတည်ပြုပြီးသော WavePay အကောင့် အဆင့်၂ နံပါတ် ဖြစ်ရမည်။
- (၃) အမည်၊ အတည်ပြုပြီးသော WavePay အကောင့်အဆင့်၂ ဖုန်းနံပါတ်၊ အီးမေးလ် နှင့် အဖွဲ့အစည်းအမည်အား ရွေးချယ်၍ စာရင်းသွင်းရမည်။
- (၄) အကောင့်စာရင်းသွင်းခြင်း ပြီးဆုံးပြီဖြစ်ပြီး အတည်ပြုခြင်း လုပ်ငန်းစဥ်အတွက် ခေတ္တစောင့်ဆိုင်း၍ ပထမဦးဆုံး မှာယူမှုအား စတင်ပြုလုပ်နိုင်ပြီဖြစ်သည်။
သင့်အနေဖြင့် အကောင့်စာရင်းသွင်းခြင်း အောင်မြင်သည်နှင့် မှာယူမှုအား စတင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
- employee.better.com.mm မှတစ်ဆင့် အကောင့်အား ဝင်ရောက်ပါ။
- မှာယူလိုသော ပစ္စည်းအားနှိပ်(ရွေးချယ်)ပါ။
- အရောင်၊ သိပ်သည်းမှုပမာဏ ကဲ့သို့သော ရွေးချယ်စရာများနှင့် ကနဦးပေးချေငွေ၊ ပြန်ဆပ်ကာလ၊ ပစ္စည်းယူမည့်နေရာ တို့အားရွေးချယ်ပြီး လစဥ်ပြန်ဆပ်ငွေနှုန်းထားများ၊ ဝန်ဆောင်ခနှင့် အနည်းဆုံးလစာဝင်ငွေတို့အား စစ်ဆေးပါ။
- ယခုမှာယူမည်ကို နှိပ်ပါ။
- လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများအား တင်ပါ။
- ထို့နောက် စာချုပ်အား သေချာစွာဖတ်ရှု၍ လက်မှတ်ထိုးပါ။
- စည်းမျဥ်းစည်းကမ်းများ ကို ဖတ်ရှုလက်ခံ၍ မှာယူမှုပြုလုပ်ပါ။
- မှတ်ပုံတင် ရှေ့/နောက်
- အိမ်ထောင်စုစာရင်း
- မှတ်ပုံတင်နှင့်အတူမိမိကိုယ်ကို ကြည်လင်ပြတ်သားစွာရိုက်ထားသောပုံ
- နေရပ်လိပ်စာအထောက်အထား
- ၆လစာ ဘဏ်စာရင်းရှင်းတမ်း
- ကုမ္ပဏီမှထောက်ခံချက်
ID-Selfie သည် နိုင်ငံသားမှတ်ပုံတင်အမှတ်/နိုင်ငံကူးလက်မှတ်အား သင်၏ မျက်နှာအနီးတွင်ထား၍ မိမိကိုယ်တိုင်ရိုက်ထားသော selfie ပုံကိုဆိုလိုသည်။ ပုံထဲရှိ နိုင်ငံသားမှတ်ပုံတင်အမှတ်/ နိုင်ငံကူးလက်မှတ် ပေါ်တွင်ရှိသော အချက်အလက်များသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်သည်။
နေရပ်လိပ်စာ အထောက်အထားဆိုသည်မှာ သင်၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ အိမ်အငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ်၏ ပထမစာမျက်နှာ ၊ လိပ်စာပါရှိသော ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် မီတာစာရွက် ကိုဆိုလိုသည်။
လက်မှတ်ထိုးထားသော စာချုပ်သည် ငှားရမ်းဝယ်ယူခြင်းအား သဘောတူညီကြောင်း လက်မှတ်ထိုးထားသည့် စာချုပ်ဖြစ်ပြီး မှာယူမှုပြုလုပ်သည့် စာမျက်နှာတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ စာချုပ်ပါအချက်အလက်များအား သေချာစွာဖတ်ရှု၍ လက်မှတ်ထိုးပါ။
လျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေများကို စာရွက်စာတမ်းအစုံအလင်ဖြင့် သင်၏ငှားရမ်းဝယ်ယူခြင်းလျှောက်ထားသည့်အချိန်မှစ၍ အလုပ်လုပ်ချိန် (ရုံးချိန်)၂နာရီအတွင်း အီးမေးလ်နှင့် SMS မှတစ်ဆင့် အသိပေးအကြောင်းကြားပေးသွားပါမည်။ Better Employee ဝက်ဘ်ဆိုက်၏ ကျွန်ုပ်၏အကောင့်ရှိ မှာယူမှုများထဲတွင် မှာယူမှုအခြေအနေအား စစ်ဆေးကြည့်ရှုနိုင်ပါသည်။
သင်၏ ငှားရမ်းဝယ်ယူမှုအတွက် လစဥ်ပြန်ဆပ်ငွေအား WavePay Biller Account မှတစ်ဆင့်ပေးချေနိုင်ပါသည်။ WavePay တွင်ရှိသော “Better” Biller Account မှတစ်ဆင့်ငွေပေးချေပုံနည်းလမ်းများကို ကျေးဇူးပြု၍ အောက်တွင် ကြည့်ရှုပါ။
- WavePay အက်ပ်ပလီကေးရှင်း၏ ပင်မစာရှိ အခြားကိုနှိပ်ပါ။
- ဝန်ဆောင်မှုအတွက်ပေးချေရန် အောက်ရှိ “Better” Logo အားရွေးချယ်ပါ။
- အမည်၊ အော်ဒါ ID၊ မှတ်ပုံတင်နှင့် ငွေပေးချေရမည့် ပမာဏအား ဖြည့်စွက်ပြီး ဆက်လက်လုပ်ဆောင်မည်ကိုနှိပ်ပါ။
- လျှို့ဝှက်နံပါတ်အား ဖြည့်သွင်း၍ ငွေပေးချေမှုကို ဆက်လက်လုပ်ဆောင်ပါ။
- ငွေပေးချေမှုအား ကျွန်ုပ်တို့မှ စစ်ဆေးမည်ဖြစ်သည်။
သင်၏လစဥ်ပြန်ဆပ်ငွေပေးချေမှုသည် နောက်ကျခဲ့ပါက သင်၏ငှားရမ်းဝယ်ယူမှု စတင်လျှောက်ထားစဥ်က ဖြည့်သွင်းခဲ့သော ဖုန်းနံပါတ်ဖြစ်သည့် အတည်ပြုထားသော WavePay အကောင့်မှ တိုက်ရိုက်ဖြတ်တောက်သွားမည်ဖြစ်သည်။
သင်၏ WavePay အကောင့်တွင် ရနိုင်သောပမာဏကို ကျွန်ုပ်တို့မှ နုတ်ယူမည်ဖြစ်ပြီး ငှားရမ်းဝယ်ယူမှုပြန်ဆပ်ရမည့်နေ့တွင် ငွေပေးချေမှုမအောင်မြင်ပါက နောက်ကျသည့်အတွက် ဒဏ်ကြေးငွေများ ပေးဆောင်ရမည်ဖြစ်သည်။
နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး နောက်ကျသော ရက်အလိုက် တွက်ချက်သွားမည်ဖြစ်သည်။
သင်၏ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိနေသော ပမာဏများအားလုံးကို စောလျှင်စွာပြန်ဆပ်နိုင်ပြီး ၎င်းအတွက် မည်သည့်အခကြေးငွေကိုမျှ ကျွန်ုပ်တို့ကောက်ခံမည်မဟုတ်ပါ။ စောလျှင်စွာပြန်ဆပ်ခြင်းအတွက် ငှားရမ်းခများ သို့မဟုတ် အခကြေးငွေများ လျော့ချပေးခြင်းမျိုးရှိမည်မဟုတ်ပါ။
သင်၏ WavePay အကောင့်မှ ရရှိနိုင်သော ပမာဏကို ကျွန်ုပ်တို့ နုတ်ယူပါမည်။ သင်သည် သက်ညှာကာလ (စောင့်ဆိုင်းကာလ) အနေဖြင့် ၅ရက်ရရှိမည်ဖြစ်ပြီး ဤ ၅ရက်အတွင်း လစဉ်ပြန်ဆပ်ရမည့်ပမာဏကို ပေးချေရမည်ဖြစ်သည်။ ထပ်မံနောက်ကျပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ်ကောက်ခံမည်ဖြစ်သည်။
“Better Employee” ငှားရမ်းဝယ်ယူမှုနှင့်ပတ်သတ်၍ မေးမြန်းလိုသည်များရှိပါက - Better Hotline : 09949238837 or 09949BETTER နှင့် အီးမေးလ် hello@better.com.mm သို့ နံနက် ၈:၃၀ မှ ညနေ ၄:၀၀ နေ့စဥ်ဆက်သွယ်နိုင်ပါသည်။