Better နဲ့အတူ သင့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။
Better Employee သည် ကုမ္ပဏီဝန်ထမ်းများအတွက် ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား အလွယ်တကူ ငှားရမ်းဝယ်ယူနိုင်သည့် အစီအစဥ်ဖြစ်ပြီး Better နှင့်လက်တွဲထားသော မြန်မာနိုင်ငံမှကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ ဝန်ထမ်းများအားလုံးသည် ဤအစီအစဥ်တွင် ငှားရမ်း၀ယ်ယူနိုင်မည်ဖြစ်သည်။ ဝန်ထမ်းများသည် သတ်မှတ်ထားသော ငှားရမ်းကာလအတွင်း လစဥ်ကြေး ပေးသွင်း၍ အီလက်ထရွန်းနစ် နှင့် ဆက်စပ်ပစ္စည်းများ၊ အိမ်အသုံးအဆောင်နှင့် လူသုံးကုန် ပစ္စည်းများ အစရှိသဖြင့် အမျိုးအစားများစွာကို ငှားရမ်း၀ယ်ယူ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လစဥ်ဝင်ငွေအား အလုံးအရင်း အသုံးပြုစရာမလိုအပ်ဘဲ လစဥ်ကြေးပေးသွင်းရုံဖြင့် ဝန်ထမ်းများ၏ လိုအပ်သော ပစ္စည်းကို အချိန်တိုအတွင်း ငွေကြေးဆိုင်ရာ စိုးရိမ်ပူပန်မှုများမရှိဘဲ ပိုင်ဆိုင်နိုင်ဖို့ သက်သာသော နှုန်းထားနှင့် လျင်မြန်သော လျှောက်ထားခြင်း လုပ်ငန်းစဥ်များနှင့်အတူ ၀န်ထမ်းများအတွက် Better Employee အစီအစဥ်မှာ အခုပဲ ငှားရမ်း၀ယ်ယူလိုက်ပါ။
Better အကြောင်း
Better ၏ ဆောင်ပုဒ်မှာ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတည်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသားများအား ဘဏ္ဍာရေးဝန်ဆောင်မှုများဖြင့် တဖက်တလမ်းမှ အကျိုးဆောင်ပေးသွားရန် ရည်ရွယ်ထားပါသည်။ ပြည်သူများ အနေဖြင့် မိမိနေ့စဉ်ဘဝအဆင့်အတန်းများ မြှင့်တင်နိုင်ရေးအတွက် Better မှ ပွင့်လင်းမြင်သာသော၊ လွယ်ကူသော၊ ဆန်းသစ်သော ဘဏ္ဍာရေး ဝန်ဆောင်မှုများကို customer များ အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးသွားနိုင်ရန် အစဥ်အမြဲ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မှန်ကန်သော နည်းလမ်းများ ကျင့်ဝတ်များနှင့်အတူ တာဝန်ယူမှုရှိသော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်များနှင့် လူကြီးမင်းများ customer များလိုအပ်ချက်များအတိုင်း ဖြည့်စည်းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Better ၏ ဦးတည်ချက်မှာ ပြည်သူများအနေဖြင့် ကောင်းမွန်သော နောက်ဆုံးပေါ်နည်းပညာများနှင့် ၎င်းတို့၏ ဘဏ္ဍာရေးများကို ကျွန်ုပ်တို့နှင့်အတူ ဆောင်ရွက်နိုင်ပြီး အိမ်မက်များအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးလိုပါသည်။ Better အနေဖြင့် ပြည်သူတစ်ဦးချင်းစီနှင့် စီးပွားရေးရှင်များ လိုအပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများကို လွယ်ကူစွာ လက်လှမ်းမီစွာဖြင့် အသုံးပြုနိုင်သော အနာဂတ်တစ်ခု တည်ထောင်လိုပါသည်။
Better အနေဖြင့် မြန်မာပြည်၏ ဘဏ္ဍာရေးကဏ္ဍများတွင် ပြည်သူများ ဘဏ္ဍာရေးဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ ရရှိနိုင်ပြီး ပိုမိုကောင်းမွန်သော နေ့ရက်များစီသို့ အတူတူ ရောက်ရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Yoma Strategic Holding သည် Singapore Stock Exchage mainboard တွင် စာရင်းသွင်းထားပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းစု ရင်းနှီးမြှပ်နှံမှုများနှင့်အတူ အိမ်၊ ခြံ၊ မြေ၊ ငွေကြေးဝန်ဆောင်မှု၊ စားသုံးသူနှင့် မော်တော်ယာဥ် ကဏ္ဍများတွင် အဓိက အားစိုက်ပြုလုပ်နေသော ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်သည်။ Yoma Fleet Limited သည် Yoma Strategic Holdings ၏ ဘဏ္ဍာရေးဝန်ဆောင်မှုများ လက်အောက်တွင် လည်ပတ်နေပါသည်။
Yoma Strategic Holdings
FMI သည် အစုရှယ်ယာ ၈၆၀၀ကျော်ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအများပိုင် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး (၂၇)နှစ်အတွင်း အောင်မြင်မှုမှတ်ကျောက်များ စိုက်ထူနိုင်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါသည်။ FMI သည် ထူးခြားကွဲပြားသော ဗျူဟာလမ်းစဉ်၊ ကျွမ်းကျင်စနစ်ကျသော စီမံခန့်ခွဲအုပ်ချုပ်မှုနှင့်အတူ ပွင့်လင်းမြင်သာမှု စသည့် ဂုဏ်ပုဒ်များဖြင့် နှစ်ပေါင်းများစွာ အောင်မြင်စွာ ရပ်တည်လျက်ရှိပါသည်။
First Myanmar Investment Public Company Limited
Better Employee မှာ ငှားရမ်းဝယ်ယူရင် ဝန်ထမ်းတွေအတွက် ဘာတွေအဆင်ပြေလာမလဲ??
- ၁။ မြန်ဆန်လွယ်ကူတဲ့ အွန်လိုင်းလျှောက်ထားစနစ်ကြောင့် အချိန်ကုန်သက်သာခြင်း
- ၂။ လွယ်ကူစွာ ဝင်ရောက် အသုံးပြုနိုင်ခြင်း
- ၃။ ဝန်ဆောင်ခနှုန်းထားသက်သာခြင်း
- ၄။ ကိုယ်ပိုင်ဝင်ငွေအပေါ်မူတည်ပြီး ပေးချေလိုသည့်ကာလကို ရွေးချယ်နိုင်ခြင်း
- ၅ ။တာဝန်ယူမှုအပြည့်ဖြင့် ယုံကြည်စိတ်ချရခြင်း
- ၆။ ဝန်ထမ်းများအတွက်သာ စီစဉ်ထားတဲ့ ပရိုမိုးရှင်းအစီအစဉ်များကို ခံစားနိုင်ခြင်း စတာတွေကြောင့် ဝန်ထမ်းတွေအနေနဲ့ အချိန်ကုန်၊ ငွေကုန်သက်သာစေမယ့်အပြင် မိမိတို့ရဲ့ စိတ်ကူးထဲက ပစ္စည်းတွေကို အချိန်တိုအတွင်း ဝယ်ယူနိုင်မှာ ဖြစ်လို့ အခုပဲ Better Emplyee မှာ ငှားရမ်းဝယ်ယူလိုက်ပါ။