- သဘောတူညီချက်၏ ရည်ရွယ်ချက်
ဤ သဘောတူညီချက်အား လက်ခံခြင်းဖြင့် သင်သည် သင့်အား တရားဝင် အချိန်ပြည့် အလုပ်ခန့်ထားသော ကုမ္ပဏီထံမှ သင်၏အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးပို့ရန် ခွင့်ပြုသည်။ ထို့အပြင် သင်သည် Better တွင် မှာယူရန် ရည်ရွယ်ထားသော ကုန်ပစ္စည်းအတွက် သင်၏အရည်အချင်းပြည့်မီမှုနှင့် ငွေကြေးဆိုင်ရာစွမ်းဆောင်ရည် ပြည့်မီမှု ရှိ၊မရှိကို ကျွန်ုပ်တို့ဘက်မှ စိစစ်အကဲဖြတ်နိုင်ရန်အတွက်သာ သင်၏ အလုပ်အကိုင်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းနှင့် အသုံးပြုခြင်းအတွက် ခွင့်ပြုသည်။
- လိုအပ်သည့် အချက်အလက်များ
သင်၏အလုပ်ရှင်သည် အောက်ဖော်ပြပါ အလုပ်အကိုင်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို Better မှ စိစစ်သုံးသပ်နိုင်ရန် ပေးပို့မည်ဖြစ်သည်။ ဤအချက်အလက်များကို သင် မှာယူလိုသော ကုန်ပစ္စည်းအတွက် အရည်အချင်းပြည့်မီမှုကို သုံးသပ်ရန်အတွက်သာ အထူးရည်ရွယ်၍ အသုံးပြုမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဒေတာကိုယ်ရေးအချက်အလက်များဆိုင်ရာ မူဝါဒနှင့်အညီ စနစ်တကျ ကိုင်တွယ်သုံးစွဲမည်ဖြစ်သည်။
- အမည်
- နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- အလုပ်စတင်လုပ်ကိုင်သည့်နေ့
- ကုမ္ပဏီအမည်
- ဌာန
- ရာထူး
- အသားတင် လစဥ်လစာ (လွန်ခဲ့သော၆လအတွင်း ရရှိခဲ့သော)
- အနာဂတ်တွင် မှာယူမည့် အော်ဒါများအတွက်လည်း ဆက်လက်သဘောတူညီခြင်း
ဤသဘောတူညီချက်ကို လက်ခံခြင်းဖြင့် သင်သည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် အနာဂတ်တွင် မှာယူမည့် မည်သည့် အော်ဒါအတွက်မဆို သင့်အလုပ်ရှင်ထံမှ သင်၏ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို တောင်းခံရန် နှင့် စိစစ်သုံးသပ်နိုင်ရန်ကို ထပ်မံခွင့်ပြုပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန်အတွက် သင်၏ အရည်အချင်း ဆက်လက်ပြည့်မီမှုရှိခြင်းမှာသေချာစေရန်၊ သင်၏ အလုပ်အကိုင်နှင့် ငွေကြေးအခြေအနေအသစ်များကို သိရှိအကဲဖြတ်ရန် ဖြစ်သည်။
- ဒေတာကိုယ်ရေးအချက်အလက်များနှင့် လုံခြုံရေး
ကျွန်ုပ်တို့သည် ရရှိထားသော သင်၏ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်အားလုံးကို လုံခြုံစွာ သိမ်းဆည်းထားမည်ဖြစ်ပြီး အထက်တွင် ဖော်ပြထားသောရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဖြစ်သည်။ သင်၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ထားမည်ဖြစ်ပြီး အခြားခွင့်ပြုထားခြင်းမရှိသော ပြင်ပအဖွဲ့အစည်းများထံသို့ မျှဝေခြင်းပြုလုပ်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့မှ ကတိပြုပါသည်။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များအားလုံးကို ဖျက်သိမ်းရန်တောင်းဆိုခဲ့ပါက ကျွန်ုပ်တို့သည် သင်၏ အော်ဒါနှင့် ငွေပေးချေမှုအခြေအနေပေါ် မူတည်၍ ၃ လအတွင်း ဖျက်သိမ်းပြီး ဖျက်ဆီးမည်ဖြစ်သည်။
- သဘောတူညီချက်ကို ရုပ်သိမ်းခြင်း
သင့်အနေဖြင့်သဘောတူညီမှုရုပ်သိမ်းခြင်းအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသည့် အဖွဲ့အား 0949238837 မှ ဆက်သွယ်ခြင်း သို့မဟုတ် hello@better.com.mm သို့ အီးမေးလ်ပေးပို့ခြင်းဖြင့် ပြလုပ်နိုင်ပါသည်။ သို့ရာတွင် သဘောတူညီချက် ရုပ်သိမ်းခြင်းသည် သင်၏ Better Employee အကောင့်အသုံးပြုခွင့်ကို သက်ရောက်စေနိုင်ပြီး Better Employee မှတစ်ဆင့် အနာဂတ်တွင် မှာယူမှုများကို ပြုလုပ်နိုင်မည်မဟုတ်ကြောင်း သတိပြုစေလိုပါသည်။ ထို့အပြင် သင်၏အကောင့်တွင် လက်ရှိမှာယူမှုများရှိနေပါက ကျွန်ုပ်တို့သည် သင်၏ သဘောတူညီချက်ကို ရုပ်သိမ်းရန် တောင်းဆိုမှုကို ငြင်းပယ်ခွင့်ရှိပါသည်။